နေပြည်တော် ဖေဖော်ဝါရီ ၂၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး မစ္စတာဟာရီရှ်ချန်ဒရာဂီမီရေးအား ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မတ် ၂၁ ရက်မှ ၂၂ ရက်အထိ နီပေါသံရုံးမှ ဦးစီးကျင်းပမည့် မြန်မာ-နီပေါကုန်သွယ်မှုနှင့် ခရီးသွားကုန်စည်ပြပွဲ-၂၀၂၅ တွင် မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍမှ ပါဝင်ပူးပေါင်းပြသနိုင်ရေး၊ တောင်တက်ခရီးသွားလုပ်ငန်းနှင့် ဘုရားဖူးခရီးသွားလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူပေါင်းဆောင်ရွက်မှုတိုးမြှင့် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားများ ခရီးစဉ် ဒေသများသို့ အပြန်အလှန်သွားလာလည်ပတ်နိုင်ရေး၊ နှစ်နိုင်ငံရှိ ခရီးစဉ်ဒေသများအကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲနိုင်ရေး၊ နီပေါခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်ရေး၊ နှစ်နိုင်ငံ ခရီးသွားကဏ္ဍအတွင်းရှိ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝန်ကြီးဌာနနှင့် နီပေါသံရုံး ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်