နေပြည်တော်  ၂၇   မေ 

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့နံနက် ၈ နာရီခွဲတွင် အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင် ကျောက်ဟွိုင်အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် မြန်မာနိုင်ငံ၏ ပြင်ဆင် ဆောင်ရွက်ထားသည့် လုပ်ငန်းစဉ်များနှင့် အဆင်သင့်ဖြစ်မှုအခြေအနေများကို အသိပေးပြော ကြားပြီး၊ အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN-ERAT)က ဆောင်ရွက်ခဲ့သည့် ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာခြင်း (Preliminary Needs Assessment)  အစီရင်ခံစာပါအကြံပြုချက်များ အကောင်အထည်ဖော်ရေး၊ အလုံးစုံလိုအပ် ချက်ဆန်းစစ်လေ့လာခြင်း (Comprehensive Needs Assessment) မစတင်မီအာဆီယံက အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် စီမံကိန်းများနှင့် ပြန်လည်လက်ခံရေး၊ ပြန်လည် နေရာချထားရေးနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစိုးရ၏ ကြိုးပမ်းဆောင် ရွက်ချက်များကိုအထောက်အကူဖြစ်စေမည့် အာဆီယံ၏ အပြုသဘောဆောင်သောအခန်း ကဏ္ဍများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။  

 

(သတင်းစဉ်)

 

611289