ဘန်ကောက် ၂၂ ဇွန်
    

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ရောက်ရှိနေသည့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် The Athenee Hotel , Grand Hall ၌ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (ASEAN Foreign Minister´s Meeting – AMM )သို့ တက်ရောက်သည်။
    

အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်းထူထောင်သည့် အခြေအနေနှင့် အာဆီယံပြင်ပဆက်ဆံရေးကိစ္စရပ်များကို ဆွေးနွေးပြီး ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့သည်။


ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည် (၁၉)ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီ အစည်းအဝေး (19th ASEAN Political – Security Community (APSC) Council Meeting )သို့ တက်ရောက်သည်။


အစည်းအဝေးတွင် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း အခြေပြမြေပုံ -၂၀၂၅ ( APSC Blue print – 2025) အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ပြန်လည်သုံးသပ်ခဲ့ပြီး အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင်အောက်မှ ကဏ္ဍအလိုက်ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၂၃) ကြိမ်မြောက် အာဆီယံပူးပေါင်း ဆောင်ရွက်ရေးကောင်စီအစည်းအဝေး ( 23rd  ASEAN Coordinating Council (ACC) Meeting သို့ တက်ရောက်သည်။


အစည်းအဝေးတွင် ( ၃၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ အကြီးအကဲများက ချမှတ်ခဲ့သည့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေနှင့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အဆိုပါ ထိပ်သီးအစည်းအဝေးများတွင် အတည်ပြု/ ထုတ်ပြန်/ မှတ်တမ်းတင်မည့် စာရွက် စာတမ်းများနှင့် အာဆီယံအသိုက်အဝန်းအကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှု အခြေအနေများကို ဆွေးနွေးခဲ့သည်။

 

သတင်းစဉ်

 

1