နေပြည်တော် ဖေဖေါ်ဝါရီ ၂၇

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင် မောင်ရီသည် ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ မြင်းခွာကျွန်းသို့ရောက်ရှိရာ တာဝန်ရှိသူများက တနင်္သာရီတိုင်းဒေသကြီးအတွင်း နှစ်အလိုက်သဘာဝနှင့် အိမ်မွေးငှက်သိုက်ထွက်ရှိမှုနှင့် ငှက်သိုက်ကျွန်းများ ထိန်းသိမ်းစောင့်ရှောက်ထားမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဇီဝဇိုးငှက်များ လာရောက်ကျက်စားနားခိုရာ ကျွန်းများ ၏‌ဂေဟစနစ် မပျက်အောင် ဆက်လက်ထိန်းသိမ်းသွားရန်လိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် သာယာလှပသော ကျွန်းပေါင်းများစွာ တည်ရှိနေသည့်အတွက် သဘာဝအခြေခံခရီးသွား လုပ်ငန်းအတွက် များစွာအရေး ပါသောနေရာတစ်ခုဖြစ်ကြောင်း၊ တည်ရှိနေသော ‌‌ဂေဟစနစ်နှင့် အမျိုးမျိုးသော ဇီဝမျိုးစုံမျိုးကွဲများ တိမ်ကောပျောက်ကွယ်မှုမရှိအောင်၊ နေရင်းဒေသများ ပျက်စီးမှုမရှိအောင် ကာကွယ်ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း၊ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသခံများပါ ပူပေါင်းပါဝင်ဆောင်ရွက် လာစေရန် အသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားရန်မှာကြားပြီး သဘာဝငှက်သိုက်များ ထွက်ရှိရာ ကော့ငါး၊ ကဆိုင်းလှကျွန်းနှင့် ကြက်မောက်ကျွန်းတို့အား ထိန်းသိမ်းထားမှုအခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့ရှိ ခရိုင်သစ်တောဦးစီးဌာနရုံး၌ ခရိုင်၊ မြို့နယ် တာဝန်ခံများနှင့်တွေ့ဆုံပြီး သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍများတွင် ဌာန၏ လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့နယ်ရှိ သစ်ပင်စိုက်ပျိုးပွဲများတွင် စိုက်ပျိုးခဲ့သော အပင်များ၏ ရှင်သန်အောင်မြင်မှု အခြေအနေနှင့် မြို့မသစ်တောပျိုးဥယျာဉ်အတွင်း ၂၀၂၄ မိုးရာသီတွင် လူထုဖြန့်စိုက်ပျိုးရန် ပျိုးထောင်ထားသောပျိုးပင်များကို  လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)