နေပြည်တော် ဒီဇင်ဘာ ၆

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် China Foundation for Rural Development (CFRD) ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Chen Hongtao ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ရုံးအမှတ်(၄၁)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ မြန်မာ နိုင်ငံတစ်ဝန်း၌ ပညာရေးနှင့် လူမှုရေးဆိုင်ရာကဏ္ဍများတွင် ဖွံ့ဖြိုးရေးစီမံကိန်းများချမှတ်၍ အကူအညီများ တိုးမြှင့်ပေးအပ်ခြင်းတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်