နေပြည်တော်  စက်တင်ဘာ ၂၅

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရုရှားနိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုအသင်း(Russian Associa-tion  for  Friendship and Cooperation - RAFC)၏ ဒုတိယဥက္ကဋ္ဌ   Mr.  Alexander OSTROVSKIY   ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ရုရှား - မြန်မာ နှစ်နိုင်ငံ   မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ နှစ်နိုင်ငံပူးပေါင်း စီစဉ်ရိုက်ကူးထုတ်လွှင့်ရေး၊ ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်ရေး၊ ခရီးသွားကဏ္ဍ ပိုမိုမြှင့်တင် နိုင်ရေးနှင့်  နှစ်နိုင်ငံပြည်သူများအကြား ဆက်သွယ်ဆက်ဆံမှု   ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

သတင်းစဉ်