နေပြည်တော် စက်တင်ဘာ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရုရှားနိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုအသင်း(Russian Associa-tion for Friendship and Cooperation - RAFC)၏ ဒုတိယဥက္ကဋ္ဌ Mr. Alexander OSTROVSKIY ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရုရှား - မြန်မာ နှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ နှစ်နိုင်ငံပူးပေါင်း စီစဉ်ရိုက်ကူးထုတ်လွှင့်ရေး၊ ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်ရေး၊ ခရီးသွားကဏ္ဍ ပိုမိုမြှင့်တင် နိုင်ရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား ဆက်သွယ်ဆက်ဆံမှု ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
သတင်းစဉ်


