နေပြည်တော် ဇွန် ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး Mrs. Ponnamperuma Arachchige Prabashini Ponnamperuma ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လယ်ယာကဏ္ဍဆိုင်ရာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းများ၊ ကမ်းဝေးငါးဖမ်းဆီးမှုလုပ်ငန်း တွင် နိုင်ငံတကာ ပင်လယ်ရေပိုင်နက်ဆိုင်ရာ သဘောတူညီချက်များနှင့်အညီ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


