နေပြည်တော်၊ ဇန်နဝါရီ ၁၀

 

အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့ နံနက် (၉) နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ၌ ဝန်ကြီးဌာနရှိ အရာထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အားကစားလောက ပိုမိုတိုးတက်စေရန်နှင့် နိုင်ငံ့ဂုဏ်သိက္ခာ တောက်ပအောင် ကြိုးပမ်းဆောင်ရွက်ကြရန် ပေးအပ်ထားသည့် တာဝန်ဝတ္တရားများကို ကျေပွန်အောင် ကြိုးပမ်းအားထုတ်သွားကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအား ကျောသား ရင်သားမခွဲခြားဘဲ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရန် လိုအပ်ကြောင်း၊ တိုင်းပြည်အတွက်၊ နိုင်ငံအတွက် ဂုဏ်ယူအားထားနိုင်မည့်သူများဖြစ်အောင်၊ အမှားအမှန် ဝေဖန်ပိုင်ခြားနိုင်သူများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ သားသမီးများ လမ်းမှန်ရောက်အောင်၊ အမှားအမှန် ခွဲခြားနိုင်အောင် စနစ်တကျ ပျိုးထောင်ထိန်းသိမ်းစောင့်ရှောက်ကြရန်လိုကြောင်း၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်း ပြင်ဆင် ထားရှိမှုများကိုကြည့်ရှုပြီး လူငယ်နှင့် စာပေပွဲတော်သို့ လာရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ ပြခန်းသို့ ဝင်ရောက်လေ့လာမည့် အစီအစဉ်ပါရှိသဖြင့် ရှင်းလင်းပြသမည့် အစီအစဉ်များနှင့် လိုအပ်သည်များကို ကြိုတင်စီစဉ်ဆောင်ရွက်ထားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်