နေပြည်တော်၊ ဇူလိုင် ၂၁
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းနည်းပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က လူငယ်ကဏ္ဍသည် အရေးကြီးသည့်အတွက် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ရေးရာဦးစီးဌာန၏ လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော လူငယ်များ အလုပ်အကိုင်ရရှိစေရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရေးအတွက် အမှန် တကယ်အလုပ်အကိုင်ဝင်ငွေရရှိမည့် အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်းများကိုလည်း ထပ်မံဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၏ နည်းပ ညာပံ့ပိုးမှုဖြင့် အသက်မွေးဝမ်းကျောင်းသင်တန်းဖွင့်လှစ်ပေးနေမှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေပြီး ဌာနတွင်းမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို တစ်ဖက်တစ်လမ်းမှ စားဝတ်နေရေး ချောင်လည်နိုင်စေရန်နှင့် တစ်ပိုင်တစ်နိုင်အိမ်တွင်းစီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်လိုသူများ ပေါ်ထွက်လာစေရေးအတွက် သင်တန်းကို ဖွင့်လှစ်သင်ကြား ပို့ချပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းကို ဇူလိုင်(၂၁) ရက်မှ (၂၇)ရက်အထိ လူငယ်ရေးရာဦးစီးဌာန သင်တန်း ခန်းမ၌ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆရာမဒေါ်စုလှိုင်မြင့် (ဦးစီးအရာရှိ) နှင့် ဒေါ်ရီရီဝင်း(ဒုတိယဦးစီးမှူး) တို့မှ သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား/သင်တန်းသူ(၂၀) တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)