နေပြည်တော်၊ နိုဝင်ဘာ ၁၂

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏ သီရိမြို့နယ် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အနီးပတ်ဝန်းကျင်ရှိ လုံခြုံရေး လျှပ်စစ်မီးတိုင်များနှင့် ဓာတ်အားလိုင်းများ စနစ်တကျ သွယ်တန်းထားရှိမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။  

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်မုခ်ဦးရှေ့ရှိ ဓာတ်အားလိုင်းများအား စနစ်တကျ ရွှေ့ပြောင်းဆောင်ရွက်သွားမည့် အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ဓာတ်အားလိုင်း ရွှေ့ပြောင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့် နေရာများကို လိုက်လံကြည့်ရှုသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အနီးပတ်ဝန်းကျင်ရှိ လုံခြုံရေး လျှပ်စစ်မီးတိုင်များနှင့် ဓာတ်အားလိုင်းများ စနစ်တကျ သွယ်တန်းထားရှိမှုနှင့် ဓာတ်အားလိုင်း ရွှေ့ပြောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဘေးအန္တရာယ်ကင်းရှင်းစေရေး အထူးဂရုပြု ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်