ဘန်ကောက် ၂၂ ဇွန်  
    

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ရောက်ရှိနေသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် The Athenee Tower, Crystal Hall ၌ ကျင်းပသည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာဆီယံစီးပွားရေးဝန်ကြီးများ ၏ အထူးအစည်းအဝေး (Special ASEAN Economic Ministers’ Meeting on RECP)သို့ တက်ရောက်သည်။
    


အစည်းအဝေးတွင် အဓိကရည်မှန်းချက်ဖြစ်သည့် ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၉ ခုနှစ်အတွင်း အပြီးသတ်ရန်နှင့် စေ့စပ်ညှိနှိုင်းမှုများ၏ တိုးတက်မှုအခြေအနေများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ 


သတင်းစဉ်

 

 

1