နေပြည်တော် ၂၆ ဇွန်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး Mr.Steve Marshall နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှု ယန္တရားအပါအဝင် အခြားလုပ်ငန်းနယ်ပယ် အသီးသီးတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO) နှင့် ပူးပေါင်းဆောင်ရွက်မှု၊ တိုင်ကြားမှု ယန္တရားတစ်ရပ် ထူထောင်ထားရှိပြီး အလုပ်ရှင်အလုပ်သမားများ၏ ဖြစ်ပေါ်နေသည့် ပြဿနာများအား ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိမှုနှင့် တိုင်ကြားမှုယန္တရားထူထောင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံအတွေ့အကြုံများကို ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


