နေပြည်တော် ၉ ဇူလိုင်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-တရုတ် နယ်စပ်ဒေသများတွင် နယ်စပ်ဝင်ပေါက် ၈ ခုမှ နှစ်နိုင်ငံ ပြည်သူများ ဝင်ထွက်ခွင့်နှင့် ပတ်သက်၍ နယ်စပ်ဂိတ်များအား အဆင့်မြှင့်တင်နိုင်ရန်ကိစ္စ၊ အနာဂတ်တွင် နှစ်နိုင်ငံကူးသန်းသွားလာမှု ပိုမိုများပြားလာနိုင်သည့်အတွက် လွယ်ကူချောမွေ့စွာ ဖြတ်သန်းသွားလာခွင့် ရရှိရေးနှင့် အခက်အခဲများရှိပါက နှစ်နိုင်ငံပူးပေါင်း ဖြေရှင်းသွားမည့် အခြေအနေ၊ နယ်စပ်ဒေသများနှင့် ပတ်သက်၍ လတ်တလောတွင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass –BP) နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Temporary Boder Pass-TBP) ဖြင့် နှစ်နိုင်ငံပြည်သူများ သွားလာလျက်ရှိပြီး နောင်တွင် ပတ်စပို့၊ ဗီဇာဖြင့် သွားလာနိုင်ရေးအတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ စဉ်းစားဆောင်ရွက်နေမှု၊ နှစ်နိုင်ငံပြည်သူများ ဝင်ထွက်ခွင့် အဆင်ပြေချောမွေ့စေရေးအတွက် ရင်းနှီးပွင့်လင်းစွာအမြင်ခြင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်