နေပြည်တော် ၄ ဇူလိုင်  
    

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး Mr. Daniel Patrick Chugg အားယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ခန်းမတွင်လက်ခံတွေ့ဆုံသည်။
    


တွေ့ဆုံစဉ် ရခိုင်ပြည်နယ် အတွင်း NVC ကတ်ကိုင်ဆောင်သူများ အနေဖြင့် လွတ်လပ်စွာ သွားလာနိုင်မှုအခြေအနေ ၊ နိုင်ငံသားဖြစ်မှုဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ကြားဖြတ် သန်းခေါင် စာရင်း ကောက်ယူမည့် အခြေအနေများ၊ လူမျိုးစုစာရင်းထုတ်ပြန်နိုင်မှု ကိစ္စရပ်များ ဘူးသီးတောင်၊ မောင်တောဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
  

သတင်းစဉ်