နေပြည်တော် ၁၉ မေ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မေ ၁၈ ရက်၊ မွန်းလွဲ ( ၂ ) နာရီတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၌ မူဆယ်ခရိုင်နှင့် ခရိုင်အတွင်းရှိ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင် ဦးစီးမှူးရုံးနှင့် လူဝင်မှုကြီးကြပ်ရေးဌာနခွဲ (၇)တို့မှ ဝန်ထမ်းများအား တွေ့ဆုံသည်။
ရှေးဦးစွာ မူဆယ်ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစန်းဝေက မူဆယ်ခရိုင်နှင့် မြို့နယ်ရုံးများ၏ ဝန်ထမ်းအင်အား၊ ဌာန၏ ရည်မှန်းချက်တာဝန်များ အကောင်အထည် ဖော်ဆောင်ရွက်မှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ရှိ လူဝင်မှုကြီးကြပ်စစ်ဆေးရေးဂိတ်များနှင့် ကင်းစခန်းများအေခြအေနနှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မူဆယ်ဒေသသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ဒေသဖြစ်ပါကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှ တစ်နေ့လျှင် လူဦးရေ တစ်သောင်းကျော် ဝင်ထွက်သွားလာနေသကဲ့သို့ ပို့ကုန်/ သွင်းကုန်ဆိုင်ရာ လုပ်ငန်းများအတွက် ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းလျက်ရှိပါကြောင်း၊
ထို့ကြောင့် မိမိတို့ဌာန၏ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများသည်လည်း အရေးပါသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အတွက် အရေးကြီးသည့်တာဝန်များကို ထမ်းဆောင်နေကြပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပေဒလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရသကဲ့သို့ ဌာန၏ အမိန့်/ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြောင်းလဲတိုးတက်နေသည့် ခေတ်စနစ်နှင့်အညီ ကျယ်ကျယ် ပြန့်ပြန့်တွေးခေါ်မျှော်မြင်ကာ ယုံကြည်ချက်၊ ခံယူချက်ရှိရှိဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့၏ အရည်အသွေးကိုလည်း အစဉ်အမြဲ တိုးတက်မြင့်မားစေရေးအတွက် အစဉ်လေ့ကျင့်ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံဆောင်ရွက်ရသည့် ဌာနဖြစ်သည်နှင့်အညီ ပြည်သူ့အပေါ် ဝန်ဆောင်မှုအပြည့်အဝပေး၍ ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်နေကြရသည့်အတွက် ဘာသာစကားကျွမ်းကျင်ရန်လည်းလိုအပ်ပါကြောင်း၊ တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကြရသည့် မိမိတို့နိုင်ငံသား အလုပ်သမားများကိုလည်း တရားဝင် ဝင်/ထွက်သွားလာစေရေးအတွက် ပညာပေးစည်းရုံးဆောင်ရွက်ကြရန်နှင့် ၎င်းတို့၏ လိုအပ်ချက်များကိုလည်း ရိုင်းပင်းကူညီဆောင်ရွက်ပေးကြေစလိုကြောင်း၊ ဝန်ထမ်းများသည် အခြားသောစပ်ဆက်ဌာနများနှင့်လည်း လုပ်ငန်းဆိုင်ရာ သတင်းများဖလှယ်မျှေဝ၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ သို့မှသာ ဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ်၍ လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
နိုင်ငံတော်၏ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများကိုလည်း မျက်ခြေပြတ်မခံဘဲ အစဉ်လေ့လာ သုံးသပ်၍ မိမိတို့၏ လုပ်ငန်းတာဝန်များ အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသဖြစ်သည်နှင့်အညီ နေ့စဉ်ဖြစ်ပေါ် တိုးတက်မှုများနှင့် ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များရှိပါကလည်း အချိန်မီတင်ပြဆောင်ရွက်ကြရန်လိုကြောင်း၊ အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေးအတွက် အထူးဂရုပြု လိုက်နာဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်းဖြင့် ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။
( သတင်းစဉ် )