နေပြည်တော် ၂၂ မေ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး မစ္စတာ စကော့ မာစီရယ်နှင့်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိရုံးအမှတ် (၅) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် 5G နည်းပညာ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒနှင့် ဥပဒေမူဘောင် ရေးဆွဲရေးတို့တွင် နည်းပညာအတွေ့အကြုံများ ဖလှယ်ရေးနှင့် ICT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ဆိပ်ကမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရေးအတွက် အကူအညီပေးရေး ကိစ္စရပ်များနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်