နေပြည်တော် ၉ မေ 
    

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်အား  နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။ 

 


တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဂျီအမ်အက်စ်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ကနဦး နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးနှင့် နှစ်နိုင်ငံနယ်စပ်တွင် နယ်စပ်ဖြတ်ကျော် စစ်ဆေးရေးစခန်း တည်ဆောက်ရေးကိစ္စ၊ မူဆယ် - မန္တလေးရထားလမ်းသစ် တည်ဆောက်ရေးအတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု၊ နှစ်နိုင်ငံအကြား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။

 


(သတင်းစဉ်)