ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးဦးစီးဌာန၊ ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ၊ ကမ္ဘာအေးစာပုံနှိပ်တိုက်သို့ရောက်ရှိပြီး ပညာရေးဝန်ကြီးဌာနက ပုံနှိပ်ရန်အပ်နှံထားသော ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသုံးဖတ်စာအုပ်များ ပုံနှိပ်ချုပ်လုပ်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာပြည်ထောင်စုဝန်ကြီးသည် ပုံနှိပ်စက်များလည်ပတ်နေမှု၊ အဆင့်ဆင့်ဆောင်ရွက်နေသော စာအုပ်ချုပ် လုပ်ငန်းများကို တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုစစ်ဆေးပြီး သာသနာရေး ဦးစီးဌာန၏ မူလလုပ်ငန်းများဖြစ်သော သာသနာရေးဆိုင်ရာစာအုပ်များ ရိုက်နှိပ်နေမှု၊ ချုပ်လုပ်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။‬‎

 

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနကအပ်နှံသည့် ကျောင်းသုံး ဖတ်စာအုပ်များကို ပုံနှိပ်ရာတွင် ကျောင်းသုံးဖတ်စာအုပ်များ၏ အရည်အသွေး ကောင်းမွန်ရေး အတွက် သတ်မှတ်ထားသည်စက္ကူ၊ အပြင်အဆင်စာအုပ်အရွယ် အချိုးအစားများ မှန်မှန်ကန်ကန် ဖြစ်စေရေး ပညာရေးဝန်ကြီးဌာနသို့ ပေးပို့အပ်နှံရမည့် အချိန်ကာလအမီ ဝန်ထမ်းများ အဆင့်ဆင့်က အလေးအနက်ထားကာ ကြပ်မတ်စိစစ်ဆောင်ရွက်ရေးနှင့် လုပ်ငန်းဆိုင်ရာ စရင်းဇယားများကို သတ်မှတ်ချက်များအတိုင်း ပြည့်စုံအောင်ပြင်ဆင် ဆောင်ရွက်ရေး၊ သတ်မှတ်ကာလ အလိုက် အချိန်မီပြီးစီးစေရေးကို ကြိုးစားဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို မှာကြားသည်။

 

သတင်းစဉ်