ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မန္တလေးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများသို့ သွားရောက်၍ဆရာတော်ကြီးများကိုဖူးမြော်ကြည်ညိုပြီး ဥပ္ပါတသန္တိ ကျမ်းစာအုပ်များ လှူဒါန်း

မန္တလေး  မေ  ၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် မဟာနာယက နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မစိုး ရိမ်တိုက်သစ် မဟာနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသရာဘိဝံသ တို့ကို သွား ရောက် ဖူးမြော်ကြည်ညိုပြီး ဥပ္ပါတသန္တိကျမ်းစာအုပ်များ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မဝတ္ထု ငွေတို့ကို ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် မဟာ အောင်မြေမြို့နယ်ရှိ အဝေရာမ ရန်ကင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဩဒါတသိရီ ဘိဝံသ၊ ချမ်းအေးသာစံမြို့နယ်ရှိ ပတ္တမြားကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဇောတာ ဘိဝံသနှင့် မဟာအောင်မြေမြို့နယ်ရှိ မြတောင်ကျောင်းတိုက် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တသာဂရာဘိဝံသတို့ကို သွားရောက် ဖူးမြော်ကြည်ညိုပြီး သာသနာရေး ဆိုင်ရာများ လျှောက်ထားကာ အဆိုပါကျောင်းတိုက်များရှိ  သံဃာတော်၊ ရဟန်း သာမ ဏေများအတွက် ဥပ္ပါတသန္တိကျမ်းစာအုပ်များ လှူဒါန်းသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ရန်ကုန်မြို့သို့ MAI လေကြောင်းလိုင်းဖြင့် ကြွရောက်မည့် နိုင်ငံတာ်ဩဝါဒစရိယ သောဠသာမ ရွှေကျင်သာသနာပိုင် ၊သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊အဘိဓဇမဟာ ရဋ္ဌဂုရု ဘဒ္ဒန္တဉာဏိဿရအား မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ခန်းမ၌ သွားရောက် ဖူးမြော် ကြည်ညိုပြီး သြဝါဒခံယူသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ချမ်းမြ သာစည်မြို့နယ်ရှိ မဟာမုနိရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ချမ်းမြသာစည်မြို့နယ်ရှိ မဟာဓမ္မိကာရာမတိုက် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာ ရဋ္ဌဂုရု မိတ္ထီလာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုဇနပီယ၊ ချမ်းမြသာစည်မြို့နယ်ရှိ ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဆင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တဩဘာသာဘိဝံသနှင့် ချမ်းမြသာစည်မြို့နယ်ရှိ အသော ကာရာမတိုက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာ ဝရတို့ကို သွားရောက်ဖူးမြော်ကြည်ညိုပြီး သာသနာရေး ဆိုင်ရာများ လျှောက် ထားကာ အဆိုပါကျောင်းတိုက်များရှိ  သံဃာတော်၊ ရဟန်းသာမဏေများ အတွက် ဥပ္ပါတသန္တိကျမ်း စာအုပ်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။               

သတင်းစဉ်