နေပြည်တော် ၈  ဇွန်

အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေးရီး(စ်)မြို့တွင် ရောက်ရှိနေသောလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယမန်နေ့ ကဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာမသန်စွမ်းသူများ ထိပ်သီးညီလာခံဒုတိယနေ့အခမ်း အနားများဖြစ်သည့် မသန်စွမ်းသူများအပေါ် တန်းတူညီမျှမှုရှိရေးနှင့် ခွဲခြားမှုမရှိရေး၊ မသန်စွမ်းက လေးများနှင့် မသန်စွန်းအမျိုးသမီးများ၊ မသန်စွမ်းသူများခွဲခြားမှုမရှိဘဲအလုပ်အကိုင်ရရှိရေး၊ မသန်စွမ်းသူများအတွက် နည်းပညာနှင့်ဆန်းသစ်တီထွင်မှု၊  မသန်စွမ်းသူများအတွက် တရားမျှ တမှုလက်လှမ်းမီရေးစသည့် မျက်နှာစုံညီအစည်းအဝေးများသို့ တက်ရောက်ဆွေးနွေးသည်။

ထိုသို့ဆွေးနွေးရာတွင် ရှေးဦးအရွယ်ကလေးငယ်များကို မသန်စွမ်းမှုမှ ကာကွယ်ခြင်း၊ မသန်စွမ်းမှုလျော့ချခြင်းဆိုင်ရာ တိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုကိစ္စရပ်များ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မသန်စွမ်းအမျိုးသမီးများအတွက် စွမ်းဆောင်ရည်မြင့်မားရန်ဆောင် ရွက်ပေးနိုင်သည့် အလေ့အထကောင်းများ၊ မသန်စွမ်းသူများအလုပ်အကိုင်ရရှိရေးတွင် ဝေပုံကျစ နစ်ထားရှိခြင်း၏ နိုင်ငံတကာအတွေ့အကြုံများ၊ ဉာဏ်ရည်မသန်စွမ်းသူများအားတရားမျှတမှုရရှိစေရန် ဥပဒေအထောက်အပံ့ လက်လှမ်းမမီသောနေရာများတွင် ဖြေရှင်းဆောင်ရွက်ပေးရန် နည်းလမ်းများနှင့်ပတ်သက်၍ အသေးစိတ်မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခြင်းများဆောင်ရွက်ခဲ့သည်။

ထို့အပြင် မသန်စွမ်းကလေးသူငယ်များအား ငယ်ရွယ်စဉ်မှစ၍ ရသင့်သည့်အခွင့်အလမ်းတို့ကို စောစီးစွာဖြည့်ဆည်းပေးခြင်းဖြင့် အရွယ်ရောက်လာသောအခါတွင် ၎င်းတို့၏ ဘဝအရည်အသွေးတိုးတက်မြင့်မားရေးအခွင့်အရေးများရရှိနိုင်စေရန်၊ မသန်စွမ်းအမျိုးသမီးများ အကြမ်းဖက်ခံရမှု၊ အလွဲသုံးခံရမှုတို့တွင် တရားမျှတမှု အခွင့်အလမ်းရရှိစေရေးသေချာစေမည့် ဥပဒေရေးရာကာ ကွယ်မှုစွမ်းအားမြှင့်တင်ပေးရန်၊ မသန်စွမ်းသူများသည် အလုပ်ခွင်များတွင် စွမ်းရည်ပြည့်ဝ စွာဆောင်ရွက်နိုင်ရေးအတွက်နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတို့ကိုဆောင်ရွက်ပေးရန်၊ မသန်စွမ်း သူများတရားမျှတမှုအခွင့်အလမ်းအသေအချာရရှိစေရေး၊ ဥပဒေနှင့်တရားစီရင်ရေးကဏ္ဍရှိဝန် ထမ်းများ၏ မသန်စွမ်းမှုဆိုင်ရာအသိပညာဗဟုသုတ မြင့်မားလာစေရန်တို့နှင့်စပ်လျဉ်း၍ အစိုးရ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် မသန်စွမ်းအဖွဲ့အစည်းများအကြားပူးပေါင်းဆောင်ရွက်မှုကို မြင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းကိုလည်း ဒုတိယအကြိမ်ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများ ထိပ်သီးညီလာခံ ဒုတိယနေ့အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံပေါင်း(၂၆)နိုင်ငံမှ ကိုယ်စားလှယ်များက အလေးအနက်ထားဆွေးနွေးခဲ့ကြသည်။

ထို့နောက် ညီလာခံပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အာဂျင်းတီးနားနိုင်ငံ ဒုတိယ သမ္မတ Mrs. Gabriela Michetti နှင့် အာဂျင်တီးနားနိုင်ငံအမျိုးသားအဆင့်မသန်စွမ်းမှု အေဂျင်စီဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)