နေပြည်တော်  ၁၃   မေ

 


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် UN-Habitat မှ Country Programme Manager , Mr. Bijay Karmarcharya အား ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ် ကုလသမဂ္ဂအခြေချနေထိုင်မှုအစီအစဉ် (UN-Habitat) နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) တို့၏ နည်းပညာအကူအညီ၊ ဥရောပ သမဂ္ဂ (EU) ၏ ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာ ရာသီဥတုပြောင်းလဲမှု အစီအစဉ်  ပထမအဆင့် အကောင်အထည် ဆောင်ရွက်မှုများ နှင့် လုပ်ငန်းအောင်မြင် ပြီးစီးမှုများ၊  မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒနှင့် ယင်းကို အကောင်အထည်ဖော်မည့် မဟာဗျူဟာနှင့်ပင်မလုပ်ငန်းအစီအစဉ် ၂၀၁၈-၂၀၃၀  စတင် ထုတ်ပြန်ကြေညာမည့် အစီအမံများ၊ ရာသီဥတု ပြောင်းလဲမှု၏ ဆိုးကျိုး များကို လျှော့နည်းသက်သာစေရန်၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ရှိစေရန်အတွက် ကဏ္ဍအလိုက် နယ်ပယ်အသီးသီးတွင် ထိရောက်စွာ အကောင်အ ထည်ဖော်နိုင်ရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးကြကြောင်း သိရသည်။

 


(သတင်းစဉ်)