ပြည်  ၂၇   သြဂုတ်   


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း (ပဲခူးတိုင်းဒေသကြီး)တို့ ပူးပေါင်း၍ တက္ကသိုလ်များစာပေပွဲတော် (ပြည်)ကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ရွှေတစ်ချောင်းလမ်းရှိ ပြည်တက္ကသိုလ် MULTIPURPOSE HALL ၌ သြဂုတ် ၃၀ မှ ၃၁ ရက်ထိ နှစ်ရက်တာကာလအတွင်း နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်းနှင့် အဆိုပါ တက္ကသိုလ်များစာပေပွဲတော် (ပြည်)တွင် စာပေဟောပြောပွဲများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ သုတ/ရသ စာအုပ်စာစောင် မျိုးစုံအရောင်းဆိုင်များနှင့် ပြခန်းမျိုးစုံ ပါဝင်မည်ဖြစ်ကာ စာပေပွဲတော်သို့ မည်သူမဆိုလာရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။


မျိုးကျော်ကြီး(ပြန်/ဆက်)