မောင်တော ၃၁ သြဂုတ် 

ပြည်တွင်းပြည်ပ သတင်းမီဒီယာများပါဝင်သော သတင်းအဖွဲ့သည် သြဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် မောင်တောမြို့မှ ကိုင်းကြီး (မြို) ရွာသို့ ရောက်ရှိသတင်းရ ယူကြသည်။

ထို့နောက် သတင်းအဖွဲ့သည် အင်းဒင်ရွာသို့  ရောက်ရှိပြီး ကျေးရွာအတွင်း ရွာသူရွာသားများနှင့် တွေ့ဆုံမေးမြန်း၍ သတင်းရယူကြသည်။ 
ယင်းနောက် သတင်းအဖွဲ့သည် စစ်တွေမြို့မှတစ်ဆင့် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိကြသည်။ သတင်းမီဒီယာ အဖွဲ့တွင် Courier Japon၊ Nishinipon Shimbun၊ Nippon TV၊ VOA၊ BBC၊ MRTV၊ MITV၊ MIR နှင့် MNA သတင်းဌာနတို့မှ သတင်းသမားများပါရှိသည်။

သတင်းမီဒီယာအဖွဲ့များ ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက် သတင်းရယူမှုအနေဖြင့် ယခုအကြိမ်နှင့်ဆိုလျှင် စုစုပေါင်း ၃၄ ကြိမ် ရှိပြီဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ၁ ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ၈ ကြိမ်၊ ၂၀၁၈ ခုနှစ်တွင်  အကြိမ် ၂၀၊  ၂၀၁၉ ခုနှစ်တွင် ၅ ကြိမ်ဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်

 

mdn