မောင်တော ၂၉ မေ
ရခိုင်ပြည်နယ် စစ်တွေမြို့၌ရောက်ရှိနေသော ပြည်တွင်းပြည်ပ သတင်းမီဒီယာများ ပါဝင်သည့် သတင်းမီဒီယာအဖွဲ့သည် ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် စစ်တွေမြို့မှ မောင်တောမြို့နယ် အင်းဒင်ကျေးရွာသို့ ရောက်ရှိပြီး သတင်းရယူကြသည်။

ထို့နောက် သတင်းအဖွဲ့သည် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်နှင့်တွေ့ဆုံပြီး မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြသည်။
ယင်းနောက် ပြန်လည်လက်ခံရေးစခန်း(ငါးခူရ)သို့ ရောက်ရှိကြရာ စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးကျော်စိန်က စခန်းဆိုင်ရာအချက်အလက်များနှင့် ပြန်လည်လက်ခံရေးစခန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် သတင်းအဖွဲ့သည် ပြန်လည်လက်ခံရေးစခန်းအတွင်း ပြန်လည်လက်ခံရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ဆက်လက်၍ ကြိမ်ချောင်း(တောင်)ကျေးရွာရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံထားရှိမည့် နေအိမ်များကို ကြည့်ရှုလေ့လာသတင်းရယူကြသည်။
သတင်းစဉ်