နေပြည်တော် ဒီဇင်ဘာ ၄

 

စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံသို့ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်း၌ကိုယ်တိုင်ချက်လုပ်သည့် Ron 68 ဓာတ်ဆီများကို ယခင်က ပုဂ္ဂလိကသို့ တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာမှ ယခုနှစ် ဇန်နဝါရီလမှစတင်၍ သုံးစွဲသူများထံသို့ တိုက်ရိုက်ရောင်းချသည့် စနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

 

ထို့ပြင် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှုအပေါ်မူတည်၍ Ron 72 နှင့် Ron 77 ဓာတ်ဆီများ ကိုလည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။ ယခုအခါ ရေနံစိမ်းကုန်ကြမ်းဈေးနှုန်းများ ကျဆင်းလာသည့်အတွက် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယနေ့မှစတင်၍ ပြည်တွင်းထုတ် ဓာတ်ဆီအမျိုးမျိုးကို ယခင်ရောင်းချနေသည့် ဈေးနှုန်းများထက် တစ်လီတာလျှင် ၂၀၀ ကျပ်အထိ လျှော့ချ၍ ဖြန့်ဖြူးရောင်းချပေးသွားမည် ဖြစ်သည်။

 

ဆက်လက်၍လည်း ဌာနအနေဖြင့် အဆင့်မြင့် Ron ဓာတ်ဆီများ ကိုယ်တိုင်ထုတ်လုပ် ဖြန့်ဖြူးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

သတင်းစဉ်