မင်းတုန်း ၂၄ သြဂုတ်
သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပန်းတောကျေးရွာ အထက်တန်းကျောင်းတွင် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက သက်ငယ်မုဒိမ်း၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မောင်မှ သက်ငယ်မုဒိမ်းမှု ပပျောက်ရေးပညာပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များ ပညာပေးဟောပြောခြင်း၊ မင်းတုန်းမြို့မရဲစခန်းမှူး ဒုရဲမှူးစိန်သောင်းမှ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုမခံရစေရေး ပညာပေးဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ (၃၇၈)ဦး တက်ရောက်ခဲ့သည်။
ချင်းကလေး(မင်းတုန်း)


