ပန်းတနော် ၃ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မြို့မဈေးကြီးနှင့် ယာယီပျံကျဈေးတို့တွင် ရောင်းချ နေသော ဈေးသည်များအား ညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို တာဝန်ရှိသူများက ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပျံကျ၊ သားငါး၊ ကုန်စိမ်း ဈေးသည်များအား နှာခေါင်းစည်းများတပ်ဆင်၍ ဈေးရောင်းချခြင်းရှိ မရှိ စစ်ဆေးခြင်း၊ ဈေးဝယ်သူများ အနေဖြင့်လည်း နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှ ဈေးအတွင်းသို့ ဝင်ရောက်ဝယ်ယူရန် စစ်ဆေး ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိသည့် ဈေးရောင်းချသူ(၂)ဦးအား ဒဏ်ငွေရိုက်၍ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးချမ်းအောင်(ပန်းတနော်)


