ပန်းတနော် ၅ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျောင်းပြင်ပမူလတန်းပညာရေး အခြေစိုက်စခန်း ၆ ခုကို ဇူလိုင်လ ၄ ရက်နေ့မှစတင်၍ ကျောင်းသား/ကျောင်းသူများအား ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို Level 1၊ 2 အဆင့်သတ်မှတ်ကာ ညနေ ၃ နာရီမှ ၅ နာရီထိ သင်ကြားပေးမည်ဖြစ်ပြီး အ.မ.က ၁ ပန်းတနော်၊ အ.လ.က အကယ်ချောင်း၊ အ.လ.က(ခွဲ) ဆယ့်နှစ်ရွာ၊ အ.မ.က တလိုင်းစု၊ အ.မ.က ခတ္ထိယရွာသစ်၊ အ.မ.က မရမ်းတော(ကျွန်းထိပ်) ကျောင်းများတွင် တက်ရောက်သင်ကြားသည့် ကျောင်းသား/ကျောင်းသူဦးရေ (၁၀၁) ဦး ရှိကြောင်း စာရင်းအရ သိရှိရသည်။
အေးချမ်းအောင်(ပြန်/ဆက်)


