ပန်းတနော်   ၂၈  သြဂုတ် 

ဧရာဝတီတိုင်းဒေသကြီး ပန်တနော်မြို့နယ်တွင် ငါလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ်စပါးခင်းများအတွင်း ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိရာ  ယနေ့ နံနက် ၈ နာရီက ပန်းတနော်မြို့နယ် ဇီးဖြူစုကျေးရွာရှိ တောင်သူများ၏ စပါးခင်းများအတွင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းခွဲငါးမျိုးများ စိုက်ထည့်ပေးခဲ့သည်။


တောင်သူများ စပါးစိုက်ပျိုးခြင်းတစ်မျိုးထဲ မဟုတ်ဘဲ ငါးစပါးစိုက်ပျိုး မွေးမြူခြင်းဖြင့် တစ်ဖက် တစ်လမ်းမှ အပိုဝင်ငွေများ ရရှိလာစေရန် ရည်ရွယ်၍ နှစ်စဉ်စပါးခင်းများအတွင်း ငါးမျိုးများ စိုက်ထည့်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မာမာဆွေက ပြောသည်။ 


ထို့နောက် ဌာနဆိုင်ရာများ၊ ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများ၊ ငါးလုပ်ငန်း အစုအဖွဲ့များ တက်ရောက်၍ ငါးခုံးမကောင်ရေ ငါးသောင်း၊ တီလားဗီးယားကောင်ရေ ငါးသောင်း၊ ရွှေဝါငါးကြင်းကောင်ရေ ငါးသောင်း စုစုပေါင်း ငါးကောင်ရေ တစ်သိန်းခွဲ ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။


ပြည့်ဖြိုးကျော်(ပြန်/ ဆက်)