ပန်းတနော် ၂၇ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ပသွယ်ငါးလုပ်ငန်း စခန်းက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (Covid- 19 Economic Relief Plan) အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပသွယ် ငါးလုပ်ငန်းစခန်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းဦးက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (Covid- 19 Economic Relief Plan) အရ ငါးမွေးတောင်သူများအား ငါးသားပေါက်ထောက်ပံ့ပေးအပ်ရခြင်းကို ရှင်းလင်းပြောကြားခြင်း၊ ပန်းတနော်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးမှူး ဦးလှအောင်သိန်းက ငါးမွေးမြူရာတွင် နည်းစနစ်တကျမွေးမြူရေး လုပ်ကိုင်ကြရန် လိုအပ်တဲ့အခက်အခဲရှိပါက အချိန်မရွေးငါးလုပ်ငန်းဦးစီးဌာနကို အကူအညီတောင်းခံနိုင်ကြောင်း ပြောကြားခဲ့ပြီး ငါးမွေးတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ငါးမွေးတောင်သူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးဇော်မင်းဦး၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးလှအောင်သိန်း၊ ပသွယ်ငါးလုပ်ငန်း စခန်း တာဝန်ခံနှင့်ဝန်ထမ်းများက ငါးမွေးတောင်သူ ၃၇ ဦးအတွက် တစ်ဧကလျှင် ငါးသားပေါက် ကောင်ရေ ၂၀၀၀ နှုန်းစီဖြင့် ဧက ၁၅၈ ဒသမ ၇၀ အတွက် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ ၃၁၇၄၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ ဆက်)


