ပန်းတနော် ၁၄ မေ
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများအား အပူဒဏ်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ငါးကြင်းချောင်းကျေးရွာ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်သံကျွမ်းကျင်-၃(ပြ) ဦးပြည့်ဖြိုးကျော်က အပူချိန်မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်တတ်သော ဆိုးကျိုးများနှင့် အပူဒဏ်ကာကွယ်ရေး နည်းလမ်းများအကြောင်း၊ သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်ကာကွယ်ရမည့် နည်းလမ်းများအား ကျေးရွာနေပြည်သူများသို့ အသိပညာပေး ဟောပြောခဲ့ကြောင်း ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN
