ပန်းတနော် ၂ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ နှာခေါင်းစည်း (Mask)များ၊ (Face Shield) များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် စျေးဝယ်ယူခွင့်လက်မှတ်များ စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီက ပန်းတနော်မြို့မ ဈေးကြီးအတွင်း ပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပန်းတနော်မြို့မဈေးနှင့် ယာယီပျံကျဈေးတို့တွင် ဈေးရောင်း၊ စျေးဝယ်သူများအား မျက်နှာအကာ (Face Shield) များနှင့် (Mask)များ အခမဲ့ပေးဝေခြင်း၊ ဈေးဝယ်သူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ စျေးဝယ်ယူခွင့် လက်မှတ်များ စစ်ဆေးခြင်းနှင့် ဈေးရောင်း၊ ဈေးဝယ်သူများ နှာခေါင်းစည်း (mask) တပ်ဆင်၍ ရောင်းချဝယ်ယူစေရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)


