ပန်းတနော် ဧပြီ ၁၆

 

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အတက်နေ့၌ ဗဟိုရေကစားမဏ္ဍပ်နှင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

ပန်းတနော်မြို့ ဗဟိုရေကစားမဏ္ဍပ်နှင့် အရှေ့ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ မြို့ကွက်သစ်ရပ်ကွက်တို့ရှိ လမ်းမများတွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာဖြင့် ရေကစားလျက်ရှိပြီး နှစ်သစ်ကူး မဟာသင်္ကြန်အချိန်ကာလတွင် ဥပုသ်သီတင်းသီလ စောင့်တည်ကြသူများ၊ တရားစခန်းများ၌ တရာဘာဝနာ ပွားများကြသူများနှင့် စည်ကားလျက်ရှိသည်။

(မြိို့နယ် ပြန်/ ဆက်)