နေပြည်တော်  ၂၆   ဩဂုတ် 


မြန်မာ့ယဉ်ကျေးမှု သုခုမ အနုပညာရပ်များကို မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင် ဖြစ်သော ပန်းတဉ်း အထိမ်းအမှတ် အထူးထုတ်စာပို့တံ ဆိပ်ခေါင်းသစ် (၂၀၀ ကျပ် တန်) (၁)မျိုးအား ၂၀၂၀ပြည့်နှစ်၊ သြဂုတ် (၂၈) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း(၁၀)ရက် (သော ကြာနေ့)၊ နံနက် ၉ နာရီမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများတွင် ရောင်းချပေး သွားမည်ဖြစ်သည်။


အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့တွင် သြဂုတ်(၂၈)ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover)များပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်