နေပြည်တော် ၊   ၃   ဒီဇင်ဘာ

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မြတ်ဝင်းနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ်ကျေးရွာအုပ်စုအတွင်းရှိ အဝေရာဆည်နှင့် အဝေရာရှုခင်းသာ အပန်းဖြေ စခန်းဝန်းကျင်တွင် ပလတ်စတစ်ညစ်ညမ်းမှုများ ဖြစ်ပေါ်နေသဖြင့် အပန်းဖြေစခန်းဝန်းကျင်တွင် ရောင်းချလျက်ရှိသော ဈေးဆိုင်ငယ်များ၊ စားသောက်ဆိုင်များနှင့် အပန်းဖြေရန် လာရောက်သော အများပြည်သူတို့အား covid -19 ရောဂါ  စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများနှင့် ပလတ်စတစ် ညစ်ညမ်းမှု အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြသည်။

 

ဆက်လက်ပြီး ကူးတို့ဆိပ်ကျေးရွာအုပ်စုအတွင်းရှိ ဦးတေဇာအောင်၏ လမ်းခင်းကျောက်ထုတ်လုပ်ခြင်း လုပ်ငန်းအား ပတ်ဝန်းကျင်ဆိုင်ရာ သဘောထားမှတ်ချက်ပေးရန် covid-19 ရောဂါ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း