နေပြည်တော်  ၁၂ မေ


တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု ပုံစံ(၇)နှင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် သဘာဝဘေးအန္တရာယ် (ထူးခြားဖြစ်စဉ်)ကြောင့် သီးနှံများ ထိခိုက်ပျက်စီးမှုအပေါ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ပေါစံခေါကျေးရွာရှိ စိုက်ပျိုးရေးပညာပေး ရှင်းလင်းဆောင်တွင် ပြုလုပ်ခဲ့သည်။

 

1

 


အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)သည် တောင်သူလယ်သမားများ၏ သားစဉ်မြေးဆက် ဆက်လက်လုပ်ပိုင်ခွင့်ပြု လက်မှတ်ဖြစ်ကြောင်း၊ ထိုလုပ်ပိုင်ခွင့်ပြု လက်မှတ်သည် လယ်ယာမြေစိုက်ပျိုးစရိတ် ထုတ်ယူခြင်းနှင့် မိမိလယ်ယာမြေ၏ တန်းဖိုးကို ဖော်ပြသော လက်မှတ်ဖြစ်သည့်အတွက် မပျောက်မပျက် ထိန်းသိမ်းသွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်က လယ်ယာမြေ လုပ်ကိုင်လျက်ရှိသည့် တောင်သူများအား လယ်ယာမြေလုပ်ပိုင် ခွင့်ပြုပုံစံ(၇)နှင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် သဘာဝဘေးအန္တရာယ် (ထူးခြားဖြစ်စဉ်)ကြောင့် သီးနှံများ ထိခိုက်ပျက်စီးမှုအပေါ် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်နှင့် တာဝန်ရှိသူများမှ တောင်သူလယ်သမားများထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)နှင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် သဘာဝဘေးအန္တရာယ် (ထူးခြားဖြစ်စဉ်) ကြောင့် သီးနှံများ ထိခိုက်ပျက်စီးမှုအပေါ် ထောက်ပံ့ငွေများအား လွှဲပြောင်ပေးအပ်ခဲ့သည်။


အဆိုပါ ပေးအပ်ပွဲတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာမှ တောင်သူ(၅၃)ဦး၊ လယ်ယာမြေ (၉၉ ဒသမ ၃၆) ဧကကို လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးခြင်းနှင့် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် သဘာဝဘေးအန္တရာယ် (ထူးခြားဖြစ်စဉ်)ကြောင့် သီးနှံများ ထိခိုက်ပျက်စီသွားသော ကျေးရွာ(၈)ရွာမှ တောင်သူ(၄၇၉)ဦး စိုပျိုးမြေ (၉၃၉)ဧကအတွက် တစ်ဧကလျှင် ၁၀ဝ၀ဝ ကျပ်ဖြင့် ငွေကျပ် (၁၀၉၉၀ဝ၀ဝ) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


စိုးမိုး(ပြန်/ဆက်)