နေပြည်တော် ၃၀ ဇွန်
ပြည်တောင်စုနယ်မြေ၊ နေပြည်တော်၊ စည်ပင်သာယာရေးကော်မတီ၊ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ ပံ့ပိုးကူညီမှုဖြင့် JEK ပညာဒါန ဘာသာစကားသင်တန်းမှ ကျင်းပပြုလုပ်သည့် ပထမအကြိမ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကို ယနေ့ နံနက် ၇ နာရီတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ မြို့ရှောင်လမ်းနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်း ရှေ့လမ်းဘေး ဝဲ၊ ယာ၌ စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။
ထို့သို့စုပေါင်းစိုက်ပျိုးပွဲတွင် ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းညွန့်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဇော်ဖြိုးအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ JEK ပညာ ဒါန ဘာသာစကားသင်တန်းမှ နည်းပြအဖွဲ့ခေါင်းဆောင် ဆရာဦးတေဇထွန်း(ဟော်တယ်ခရီး)နှင့် နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများက နှစ်ရှည်ပင်မျိုးစုံ အပင် (၅၀ဝ) ကို စုပေါင်းစိုက်ပျိုးခဲ့သည်။
စိုးမိုး(ပြန်/ဆက်)


