နေပြည်တော် ဇွန် ၁၄
နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများအား တိုင်းရင်းဆေးဖြင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ကင်ပွန်းတန်းကျေးရွာအုပ်စု သဲကျွန်းကျေးရွာ ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ သည်။ ပျဉ်းမနားခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေဦး၊ နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဦးလှမော်နှင့် တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် ကျေးရွာနေပြည်သူများအား ကြည့်ရှုအားပေး ကြသည်။
ရှင်းလင်းဟောပြော
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် နေပြည်တော် တိုင်းရင်းဆေးရုံကြီးမှ ဆရာ ဆရာမများက သွေးတိုး၊ ဆီးချို၊ ဒူးနာ၊ ခါးနာ၊ အာရုံကြောရောဂါများ၊ အဆစ်ရောင်၊ လေးဘက်နာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ အကြောတက်၊ ကိုက်ခဲ၊ လေဖြတ်၊ လေငန်းရောဂါ၊ ထုံနာကျင်နာစသည့် ရောဂါများကို ကုသပေးခဲ့ပြီး တိုင်းရင်းဆေးပညာ အကြောင်း သိကောင်းစရာများနှင့် နေပြည်တော်တိုင်းရင်းဆေးရုံကြီးတွင် ကုသဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းဟောပြော ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


