နေပြည်တော်      ဇူလိုင်      ၂၃

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်သည့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ နတ်သူရဲကျေးရွာအုပ်စု၊ ပေါစံခေါကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက အဆိုပါ ကျောင်းဆောင်သစ်ရှေ့၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်  ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ရဲမှူးကြီးကိုကိုလွင်၊ နေပြည်တော် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညိုနှင့် GBH ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝေလင်းစိုးတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က အမှာစကား ပြောကြားသည်။

 

ယင်းနောက် ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် အချက်အလက်များကို GBH ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာက လွဲပြောင်းပေးအပ်ရာ မြို့နယ်ပညာရေးမှူး တာဝန်ခံ ဦးတင်ဆန်းက လက်ခံရယူသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

ဆက်လက်ပြီး ပျဉ်းမနားမြို့နယ်၊ လဲလူးအိုင်ကျေးရွာအုပ်စု၊ လဲလူးအိုင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲကို ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ရဲမှူးကြီးကိုကိုလွင်၊ နေပြည်တော်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးကြာညိုနှင့် တော်ဝင်ထီးလှိုင်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင်ဦးတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် အချက်အလက်များကို GBH ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးတင်မောင်ဦးက လွဲပြောင်းပေးအပ်ရာ မြို့နယ်ပညာရေးမှူး တာဝန်ခံ ဦးတင်ဆန်းက လက်ခံရယူသည်။

 

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများက ကျောင်းဆောင် သစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။ ယနေ့ဖွင့်လှစ်သည့် ကျောင်းဆောင်သစ်များမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အလျား ပေ ၁၀၀၊ အနံ ပေ ၃၀၊ အမြင့် ၁၂ ပေရှိ  တစ်ထပ်ကျောင်းဆောင်များ ဖြစ်ကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)