နေပြည်တော် ဩဂုတ် ၃၀
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်ပါ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ သို့ ဖွင့်လှစ်ပို့ချပေးမည့် “ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ် ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း” ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က ပဋိပက္ခအတွင်း လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်အထိ စီမံချက် ကာလတစ်နှစ် သတ်မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုသင်တန်းကို စီမံ ချက်ကာလအတွင်း(၂) ကြိမ်ဖွင့်လှစ် သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းတွင် ဆွေးနွေးသွား မည့် ဘာသာရပ်များမှာ တိုင်ကြားမှုအပေါ် အရေးယူဆောင်ရွက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့်စပ်လျဉ်းသော ပြစ်မှုများအကြောင်း၊ Gender Based Violence - GBV, One Stop Crisis Center - OSCC နှင့်စပ်လျဉ်းသည့် အကြောင်းအရာများ၊ Joint Commnique လုပ်ငန်းစီမံချက်အကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅ (UNSCR-1325)၊ အကြမ်း ဖက်ခံရသူသို့ ဗဟိုပြုချဉ်းကပ်မှု၊ လူမှုဝန်ထမ်း ဦးစီးဌာန၏ Gender Based Violence - GBV တုံ့ပြန်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ လူမှု ဝန်ထမ်းဦးစီး ဌာန၏ Helpline ဝန်ဆောင်မှုနှင့် One Stop Women Support Center - OSWSC ဆိုင်ရာ ဝန်ဆောင်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
သင်တန်းကာလမှာ ဩဂုတ် ၃၀ ရက်မှ ၃၁ ရက်အထိ (၂)ရက်တာဖြစ်ပြီး သင်တန်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ကျား၊ မ ရေးရာအခြေခံသဘောတရားနှင့် ကျား၊ မရေးရာအခြေပြု အကြမ်းဖက် ခြင်းခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
