နေပြည်တော် ၂၁ မေ


မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(MILI) မီလီ၊ နေပြည်တော်ရုံးခွဲ၊ အုပ်တွင်းရုံးခွဲနှင့် ထိုင်းနိုင်ငံအခြေစိုက်(BCMF)တို့မှ ပူးပေါင်း၍ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မသန်စွမ်းသူများအတွက် သုံးဘီးဝှီးချဲများ ထောက်ပံ့ပေးအပ်ခြင်းကို မေ ၂၀ ရက် နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်အုပ်စုတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် နေပြည်တော် မသန်စွမ်းသူများအသင်း(NAPD) ဥက္ကဋ္ဌ ဦးညီငယ်မှ အဖွင့်အမှာစကား ပြောကြားပြီး နေပြည်တော် မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ကိုက (MILI) မီလီအဖွဲ့၏ လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးအောင်မိုးက ဝှီးချဲများ သယ်ဆောင်ပေးအပ်သည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းပြောကြားပြီး မသန်စွမ်းသူများကို ဝှီးချဲများပေးအပ်ခဲ့သည်။


အခမ်းအနားသို့ မြို့နယ် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အား/ကာ ဥက္ကဌနှင့်အတွင်းရေးမှူး၊ နေပြည်တော်ပြည်သူ့မဏ္ဍိုင် လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်နိုင်ထွန်းနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


မင်းမင်းလတ်(မန်းတက္ကသိုလ်)

 

1