နေပြည်တော် ၁၄ ဇူလိုင်


    
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက် ဉာဏဂုဏ်ရည်စာသင်တိုက်အတွင်း တည်ထားကိုးကွယ်မည့် ဆုလာဘ်ပြည့်အရပ်ရှစ်မျက်နှာ စေတီတော်ကြီးတည်ဆောက်ရာတွင် ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် တပ်မတော်သားများနှင့် ဒေသခံပြည်သူများသည် လုပ်အားဒါန ကုသိုလ်ပါဝင်ခဲ့ကြောင်း သိရသည်။


    
ဆုလာဘ်ပြည့် အရပ်ရှစ်မျက်နှာစေတီတော် ကိုးကွယ်တည်ဆောက်မှုနှင့် ပတ်သက်၍ အများပြည်သူများ ဖူးမြော်ကြည်ညို သဒ္ဓါတရားပွားများနိုင်ရန်အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှစ၍ စေတီတော်ကြီးကို  တည်ဆောက်လျက်ရှိရာ ယခုအခါတွင် ခုံးလုံးရင်ပြင်တော်အဆင့်ထိ ပြီးမြောက်တော့မည်ဖြစ်ပြီး တည်ဆောက်မှုတွင် အပတ်စဉ် စနေနေ့တိုင်း နေပြည်တော်ရှိ တပ်နယ်များမှ တပ်မတော်သား အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များနှင့် မိသားစုဝင်များ၊ အနီးအနား ပတ်ဝန်းကျင်ရှိ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများသည် လုပ်အားဒါနနှင့် အလှူတော်ငွေများ ထည့်ဝင်လှူဒါန်းလျက်ရှိပြီး ရပ်ဝေး၊ ရပ်နီးမှ အလှူရှင်ပုဂ္ဂိုလ်များလည်း ပါဝင်ကုသိုလ်ထည့်ဝင် လှူဒါန်းနိုင်ပါကြောင်း ဉာဏဂုဏ်ရည်စာသင်တိုက်၊ ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တဉာဏိဿရ(ဓမ္မာစရိယ)မှ မိန့်ကြားတော်မူသည်။


    
စိုးမိုး(ပြန်/ဆက်)