ပုဗ္ဗသီရိ ဇွန် ၁၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာအုပ်စု တံတားဦးကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခြင်းနှင့် e-ID စနစ် အတွက် Biographic / Biometric ကောက်ယူခြင်းများကို ဇွန် ၁၃ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ် အတွက် Biographic/Biometric ကောက်ယူခြင်းများဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တံတားဦးကျေးရွာရှိ အမျိုးသား ၂၈ ဦး အမျိုးသမီး ၁၅ ဦး စုစုပေါင်းလူဦးရေ ၄၃ ဦးနှင့် အသက် ၁၀ နှစ်ပြည့် နိုင်ငံသားတိုင်းကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးနှင့် နိုင်ငံသားကတ်ရှိပြီးသူတိုင်း e-ID စနစ်ဖြင့် Biographic / Biometric ကောက်ယူကာ ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းကို တစ်ပါတည်းဆောင်ရွက်လျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ် ၄၃ ခုနှင့် UID ၅၀ ကောက်ယူခြင်းများ ဆောင်ရွက်ပေး ခဲ့ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူး ဦးသန်းနိုင်လင်း၊ လဝကမှူး ဦးဘုန်းဟန်၊ လက်ထောက်လဝကမှူး ဦးမြတ်စည်သူနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)


