ပုဗ္ဗသီရိ၊ မေ ၁၄

 

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ကဆုန်လပြည်နေ့(စနေနေ့)တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင်အတွင်းရှိ စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာများရှိ ညောင်ပင်များတွင် မြန်မာ့ဓလေ့ရိုးရာ အစဉ်အလာများနှင့်အညီ ရိုးရာမပျက် ညောင်ရေသွန်းလောင်း ပူဇော်ကြကြောင်း သိရသည်။

 

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ နေရောင်ပြအင်း (ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး)၌ မြန်မာ သက္ကရာဇ် ၁၃၈၄ ခုနှစ် ကဆုန်လပြည်နေ့(ဗုဒ္ဓနေ့)တွင် ဘုရားဖူးလာရောက်သူများနှင့် ညောင်ရေ သွန်းလောင်ပူဇော်ကြသူများဖြင့် စည်ကားလျက်ရှိသည်။ "ယခင်နှစ်တွေတုန်းက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေတဲ့ ကာလဖြစ်တဲ့အတွက် ဘုန်းကြီးကျောင်းတွေနဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ မိမိအစီအစဉ်ဖြင့်သာ မိသားစုဝင်တွေနဲ့ အပေါင်းအသင်းတွေအလိုက် ညောင်ရေသွန်းလောင် လှူပွဲကို ကျင်းပရတာပေါ့၊ ယခုနှစ်ကျတော့ ညောင်ရေသွန်းလောင်လှူပွဲကို ဟိုးယခင်နှစ် များအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြပါတယ်" ဟု အောင်သာယာရပ်ကွက်မှ ဒေသခံတစ်ဦးမှ ပြောကြားသည်။

မျိုးသီဟ(ပြန်/ဆက်)