ပုဗ္ဗသီရိ ၂၇ ဩဂုတ်
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဈေးသည်များနှင့် ဈေးဝယ်သူများအား နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့ ညနေ ၅ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညဈေး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အမျိုသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှှယ် ဦးရည်မွန်၊ နေပြည်တော် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် အရေးပေါ်လူမှုကူညီရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းသက်နိုင်ထွေးနှင့် အဖွဲ့ဝင်များက ညဈေးအတွင်း ဈေးရောင်းချနေသော ဈေးသည်များနှင့် ဈေးဝယ်သူများအား တစ်ဦးလျှင် နှာခေါင်းစည်း ငါးခုနှုန်းဖြင့် စုစုပေါင်း နှာခေါင်းစည်း ၄၅၀၀ ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပုဗ္ဗသီရိညဈေးတွင် ဈေးရောင်းချလျက်ရှိသော ဈေးသည်များအား နှာခေါင်းစည်းများတပ်ဆင်၍ ရောင်းချစေပြီး ဈေးဝယ်သူများအနေဖြင့်လည်း နှာခေါင်းစည်းများ တပ်ဆင်ထားမှသာ ဈေးအတွင်း ဈေးဝယ်ခွင့်ပြုထားကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


