မန္တလေး ၅ ဇူလိုင်


ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ရာနှုန်းပြည့် သေချာပြီဖြစ်ကြောင်း ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကူညီဆောင်ရွက်နေသည့် ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ အတိုင်ပင်ခံ ဒေါ်ဥမ္မာမျိုးထံမှ သိရသည်။ 

 

1

 


ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့ရှိ ဘာကူးကွန်ဗင်းရှင်းစင်တာ၌ ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ကျင်းပမည့်(၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့က ဇွန်လ ၂၉ ရက်တွင် သွားရောက်ခဲ့သည်။

 

1

 


"ပုဂံကမ္ဘာ့အမွေအနှစ်ရဖို့ရာနှုန်းပြည့် သေချာသွားပါပီ။ တရားဝင်ကြေငြာတာ မနက်ဖြန်ညနေ သို့မဟုတ် တနင်္ဂနွေမနက်ဖြစ်ပါမယ်'' ဟု အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့ကို ရောက်ရှိနေသော ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ အတိုင်ပင်ခံ ဒေါ်ဥမ္မာမျိုးက Myanmar Digital News ၏ မေးမြန်းမှုကို ဖြေကြားသည်။ 

 

1

 


မြန်မာနိုင်ငံအနေဖြင့် ပုဂံယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေးအတွက် အဆိုပြုစာတွဲ (Nomination Dossier) ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ကမ္ဘာ့ အမွေအနှစ် ကော်မတီသို့ တင်သွင်းခဲ့သည်။ 

 

1

 


ယခုကျင်းပမည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ အစည်းအဝေးတွင် ပုဂံယဉ်ကျေးမှု ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခြင်း ပြု/မပြုကို အတည်ပြု ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။ တရားဝင်ထုတ်ပြန်ကြေငြာမှုကို ဇူလိုင်လ ၆ ရက်သို့မဟုတ် ဇူလိုင်လ ၇ ရက်တွင် တရားဝင် ကြေငြာမည် ဖြစ်ကြောင်း သိရသည်။ 

 

1

 


ပုဂံဒေသကို ယူနက်စကို စာရင်းဝင် ရေးတင်သွင်းခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး စစ်အစိုးရလက်ထက် ၁၉၉၆ က တစ်ကြိမ်တင်သွင်းခဲ့သည်။ ထိုစဉ်က ရှေးဟောင်းဥပဒေပြဋ္ဌာန်း ထားမှုမရှိခြင်းနှင့် ယူနက်စကို၏ စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိ၍ ပယ်ချခဲ့သည်။


အိမို့မို့ခိုင်

 

1