ညောင်ဦး  ၁၃   ဩဂုတ် 

 

လတ်တလောဖြစ်ပေါ်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ကျဆင်းလျက်ရှိသည့် ခရီးသွားလုပ်ငန်းများ ပြန်လည် ဦးမော့လာစေရေးဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အနယ်နယ်အရပ်ရပ်မှ လာရောက် လည်ပတ်ကြသည့် ပြည်တွင်းခရီးသွားဧည့်သည်များအား ခရီးသွားစစ်ကောက်ယူခြင်းလုပ်ငန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံဌာနခွဲ)မှ ဩဂုတ်  ၈ ရက်က ကောက်ယူ ခဲ့ကြောင်း သိရသည်။

 

ညောင်ဦးမြို့ အလိုတော်ပြည့်ဘုရား၊ ပုဂံမြို့သစ်ရှိ လောကနန္ဒာဘုရား၊ ကျောက်မျက်မော်ဘုရားနှင့် ပုဂံမြို့ဟောင်းရှိ သရပါတံခါးအနီးနေရာများတွင် ဒေသအသီးသီးမှရောက်ရှိလာသည့် ပြည်တွင်းခရီးသွားဧည့်သည်များနှင့် တွေ့ဆုံကာ ခရီးသွားဧည့်သည်စစ်တမ်း Local Survey များ ကောက်ယူခြင်းကို ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန(ပုဂံရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင် ဦးဆောင်သည့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

 

ဖေလိန်း (ပုဂံ)