ညောင်ဦး  ၂၉  ဩဂုတ် 

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း အမှိုက်ကင်းမဲ့ဇုန်ဖြစ်ပေါ်စေရေး ၆နှစ်ကျော် ကြာသည်အထိ စနေနေ့တိုင်း အမှိုက်ကောက်ခဲ့ကြသည့် ပုဂံပလတ်စတစ်ကမ် ပိန်းအဖွဲ့နှင့် ပုဂံ-ညောင်ဦး အခြေစိုက် အဖွဲ့အသီးသီးမှ အမှိုက်ကောက်ခြင်းများအား ကိုဗစ် -၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေစဉ် လူစုလူဝေးမဖြစ်ပေါ်စေရန် အမှိုက်ကောက်ခြင်းများအား ဩဂုတ် ၂၉ ရက်၊ စနေနေ့မှ စတင်ကာ ရပ်နားထားမည်ဖြစ်ကြောင်း ပုဂံပလတ်စတစ် ကမ်ပိန်းအဖွဲ့အတွင်းရေးမှူး ဦးမိုးမင်းအောင်ထံက သိရသည်။

 

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန် အမှိုက်ကင်းမဲ့ဇုန်ဖြစ်ရေး ပုဂံပလတ်စ တစ်အဖွဲ့နှင့်အတူ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပုဂံ-ညောင်ဦး ဧည့်လမ်းညွှန်အသင်းမှ အဖွဲ့များ၊ ညောင်ဦး သံတဲဟိုတယ်အဖွဲ့၊ ခေတ်သစ်မောင် မယ်အဖွဲ့၊ Balloons Over Bagan၊ STT Ballooning၊ Golden Eagle အဖွဲ့သားများ၊ ထွန်းဖောင်ဒေးရှင်း ဘဏ်ဝန်ထမ်းများ၊  မိခင်နှင့် ကလေးအသင်း၊ Plan Myanmar မှလူ ငယ်အဖွဲ့မျာ၊ သရပါဟိုတယ်မှ အဖွဲ့များမှ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အား အမှိုက်ကင်းစင်ရေး ၆နှစ်ကျော်ကြာ အမှိုက်ကောက်လာခဲ့ရာ ဩဂုတ် ၂၉ ရက်၊ စနေနေ့မှစတင်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေခြင်းကြောင့် လူစုလူဝေး မဖြစ်ပေါ်စေရန် ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း