ပုဇွန်တောင် ၁၄ သြဂုတ်
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ရှမ်းပြည်နယ်၏ ဒေသထွက်ကုန် ဖြစ်သည့် ကြက်သွန်ဖြူနှင့် အာလူးများကို ပုဇွန်တောင်မြို့နယ်အတွက်ရရှိသော ကြက်သွန်ဖြူ၍တစ်လုံး ပိဿာ ၉၀ နှင့် အာလူးအလုံးကြီး ပိဿာ ၁၈၀ တို့အား မြို့နယ်သမဝါယမဦးစီးဌာနမှ ကြီးကြပ်၍ ယမန်နေ့ နံနက်(၁၁)နာရီခွဲက မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်း ၂၆သင်းမှ စားသုံးသူများ စျေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
အဆိုပါ ဒေသထွက်ကုန်ပစ္စည်းများကို စျေးနှုန်းချိုသာစွာ ရောင်းချရန်အတွက် တောင်ကြီးဒေသထွက် ကြက်သွန်ဖြူဥတစ်လုံး (၉၀)ပိဿာနှင့် အောင်ပန်းဒေသထွက် အာလူးအလုံးကြီး ပိဿာ ၁၈၀ တို့ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ အရှေ့ပိုင်း သမဝါယမအသင်းချုပ်နှင့် ချိတ်ဆက်၍မှာယူခဲ့ကြောင်း သိရှိရပါသည်။
နေခြည်(ပြန်/ဆက်)